မြိတ်မြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ်ပေးလျက်ရှိ

မြိတ်  ၁၄  ဇန်နဝါရီ 

 

ဒီဒီဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံမှ Alliance for Smiles အဖွဲ့တို့ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးမှုကို ဇန်နဝါရီ ၁၄ ရက်မှ  ၂၄ ရက်နေ့အထိ မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

111

 

စမ်းသပ်ခွဲစိတ်ကုသရာတွင် အမေရိကန်နိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့စစ်ဆေးကုသ ပေးသွားမည်ဖြစ်ကာ  ကလေးငယ်များ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကြောင့် သူတို့ကြီးပြင်းလာသည့်အခါ အားငယ်စိတ်တွေ၊ သိမ်ငယ်တာတွေမဖြစ်စေရန်နှင့် သူတို့၏မိဘများအနေဖြင့် မိမိရင်သွေးတွေကိုကြည့်ပြီး စိတ်မချမ်းမြေ့ဖြစ်ရတာမျိုး မဖြစ်စေချင်သောကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒီဒီဖောင်ဒေးရှင်း (Rotary Club of Yangon)မှ ဥက္ကဋ္ဌ ဒေါ်ဟေမာမောင်က ပြောသည်။

 

222

 

အဆိုပါခွဲစိတ်ကုသပေးခြင်းကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မေလအတွင်းက ပထမအကြိမ်အဖြစ် အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ကာ ယခုခွဲစိတ်ကုသပေးမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် ခွဲစိတ်ကုသခြင်းမပြုမီ ကလေးငယ်များအား ခွဲစိတ်ကုသရန်လုံလောက်သော ကျန်းမာရေးအခြေအနေရှိမရှိကို ကြိုတင်စစ်ဆေးဆောင်ရွက်ပြီးမှ ခွဲစိတ်ကုသပေးမည်ဖြစ်ရာ မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် မည်သူမဆိ်ု အခမဲ့စမ်းသပ်ခွဲစိတ်ကုသမှုကို ခံယူနိုင်ကြောင်း သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

333