မလေးရှားဘုရင် နန်းစံသက် မကုန်မီ ထီးနန်းစွန့်

၇ ဇန်နဝါရီ

မလေးရှားနိုင်ငံဘုရင် မိုဟာမက်-၅ သည် ၅နှစ်သက်တမ်း မကုန်ဆုံးဆုံးမီ ယနေ့ ထီးနန်းစွန့်ခဲ့ကြောင်းသိရသည်။

 

012

 

မလေးရှားနန်းတော်က အဆိုပါကြေညာချက်ကို တနင်္ဂနွေနေ့က  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

013

 

မလေးရှားဘုရင်တစ်ပါးမှာ  ဝန်ကြီးချုပ်တစ်ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားတစ်ခုကို တာဝန်ယူခြင်းအပါအဝင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသည်။

ပြည်နယ်၁၃ခုရှိ ဆူလ်တန်ဘုရင်ကိုးပါးအနက် ဆူလ်တန်ဘုရင်တစ်ပါးကို မဲစနစ်ဖြင့် မလေးရှားဘုရင်အဖြစ် ငါးနှစ်သက်တမ်းအတွက် ရွေးချယ်သည်။

၁၅ယောက်မြောက်ဘုရင်ဖြစ်သည့်  မိုဟာမက်-၅ မှာ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ငါးနှစ်သက်တမ်းကို စတင်ခဲ့သောကြောင့် နန်းစံသက်တမ်း နှစ်နှစ်ရှိပြီဖြစ်သည်။

မိုဟာမက်-၅ မှာ ငါးနှစ်သက်တမ်းမကုန်ဆုံးမီ ရာထူးကိုစွန့်သည့် ပထမဆုံးသော မလေးရှားဘုရင်ဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားသည်။ 

မလေးရှားနန်းတော်က ဘုရင်ရုတ်တရက် နန်းစွန့်ရသည့်အကြောင်းရင်းကို မရှင်းပြခဲ့ပေ။

မိုဟာမက်-၅ သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလမှစ၍ ဆေးခွင့်နှစ်လယူထားချိန်အတွင်း မော်စကိုအလှမယ် ဟောင်းတစ်ဦးဟုဆိုသူ အသက်၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လက်ထပ်ထားသည်ဟု မလေးရှားမီဒီယာများက ရေးသားဖော်ပြသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်