မွန်ဂိုလီးယားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ယာဉ်မောင်းနှစ်ဦးသေဆုံး၊ ၃၁ ဦး ဒဏ်ရာရ

၈ ဇန်နဝါရီ

မွန်ဂိုလီးယား အရှေ့တောင်ပိုင်းတွင် ယနေ့မနက်စော ၆ နာရီက ယာဉ်မတော်တဆမှု ဖြစ်ပွားရာ ယာဉ်မောင်း နှစ်ဦးသေဆုံး ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းနိုင်ငံ၏ အမျိုးသား အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကို ကိုးကားပြီး ပြည်တွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားသည့်  ဘတ်စ်ကားမှာ မွန်ဂိုလီးယားနိုင်ငံ မြို့တော် ယူလန် ဘာတာ မှ ဒေါ်နိုဂိုဗီ ပြည်နယ် အရှေ့တောင်ပိုင်းရှိ ဇာမင် ယု့ဆွန် သို့ ခရီးသည် ၄၅ ဦး တင်ဆောင်လာခြင်း ဖြစ်ပြီး ဇာမင် ယု့ဆွန်မြို့ ကြိုဆိုပါ၏ အပေါက်၀ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေး အဖွဲ့များသည် ထိုယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ဒဏ်ရာရ ခရီးသည်များကို အနီးနားရှိဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း အမျိုးသား အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ က ပြောကြားခဲ့သည်။

ကိုးကား ဆင်ဟွာ 
ဘာသာပြန် မြင့်မြင့်ချို