မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင် လှည့်ကင်းဆောင်ရွက်

မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ စကားပြန် ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Lembuchari ကင်းစခန်းမှ ဒုစခန်းမှူး Subedar Md Mahamud Hossain ဦးစီးသည့်အဖွဲ့ စကားပြန်/လမ်းပြ ၃ ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၉) မှ (၅၀)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ ယင်းနေ့နံနက်ပိုင်းက မောင်တောမြို့၊ နယ်မြေ(၃)၊ အမှတ်(၁)၊ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ် ကြည်စိုး ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် (၀၀၄)ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှ ဒုစခန်းမှူး Subedar Shaik Adul Jalil ဦးဆောင်သည့်  စက်တပ်ရေယာဉ် (၂) စီး၊ စုစုပေါင်း (၄) စီးတို့သည် ရေတွင်းပြင်ချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅) မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်ဖက်ညှိနှိုင်း၍ ရေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

 

(ရဲပြန်ကြား)