မန္တလေး- ပြင်ဦးလွင် ကားလမ်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြင်ဦးလွင် ၁၉ ဇန်နဝါရီ 

 

ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနနှင့် အနီးစခန်းရဲကင်းတို့မှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်း မြို့ရှောင်လမ်းဆုံဘေးတွင် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ပိတောက်ဓါးရွှေ ၁၆ ချောင်း (ဝ ဒသမ ၅) တန်ကျော်အား ဖမ်းဆီးရမိခဲ့သဖြင့် ယာဉ်မောင်းနှင်လာသူ မင်းသူဝင်းအား အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

 

ထို့ပြင် ပြင်စာရဲစခန်းမှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ဒုတိယပတ်က မန္တလေး - ပြင်ဦးလွင် အတက်ကားလမ်းဘေးတွင် မသင်္ကာသူ စိုးဝေ (ခ) ငဖြိုး (မိုင်းပန်ကျေးရွာ ၊ ကျောက်ဆည်မြို့နေသူ) အား စစ်ဆေးရာ ဟွာဝေးတံဆိပ် အဖြူရောင် ဟန်းဆက်တစ်လုံးအား တွေ့ရှိသဖြင့် စစ်မေးရာ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား မပြနိုင်သဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)