မန္တလေးမြို့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် သင်တန်းဆင်း ၉၀ဝ ကျော် အလုပ်အကိုင်ရရှိ

မန္တလေး  ၂၃ ဒီဇင်ဘာ

 

 

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတို့ ကြီးမှူးကျင်းပသော အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ မန္တလေးမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

 

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းစီမံကိန်း တာဝန်ခံ ဒေါ်နီနီလှိုင်တို့က ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၃၇)ခုမှ ဘွဲ့ရလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေလျှောက်ထားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြင်းခြံမြို့နယ်မှ အလုပ်အကိုင်ဆိုင်ရာ သင်တန်းဆင်း မခင်ဝိုင်းဝိုင်းမိုးက သင်တန်းအတွေ့အကြုံများကို မျှဝေပြောကြားခဲ့သည်။

 

 

အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် အလုပ်အကိုင်ဆိုင်ရာ သင်တန်းများနှင့် ဘွဲ့ရလူငယ် ၉၀ဝ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

 

မောင်ပြည်သူ(မန္တလေး)