မသင်္ကာသူများအား မေးမြန်းစစ်ဆေးရာ ခိုးယူထားသည့် ဆိုင်ကယ်သုံးစီးဖော်ထုတ်ရမိ

ကျောက်ဆည်  ၁၉  ဇန်နဝါရီ  

 

ကျောက်ဆည်ခရိုင်ရဲတပ်မှူးရုံး၊ မှုခင်းဌာနစိတ်မှ ရဲတပ်ကြပ်ကြီး ဆန်နီအောင်နှင့်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်ညနေ ၄ နာရီအချိန်က စဉ့်ကိုင်မြို့နယ် တောင်ပေါ်သူစားသောက်ဆိုင်ရှေ့တွင် မသင်္ကာသည့်လူသုံးဦး ရောက်ရှိနေကြောင်း သတင်းရသဖြင့် စဉ့်ကိုင်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဇေယျာညွှန့်အဖွဲ့နှင့် ပူးပေါင်းပြီး အသိသက်သေများ ခေါ်ဆောင်၍ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလူသုံးဦးခိုးယူထားသည့်ဆိုင်ကယ် သုံးစီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါလူသုံးဦးမှာ ငြိမ်းချမ်း(ခ)တစစ်၊ အောင်မျိုးခန့်(ခ)မျက်ချေး ရွှေဘိုမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေသူနှင့် ဇင်မင်းနိုင်(ခ) ကစ်ကစ် အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့နေသူများဖြစ်ကြပြီး ၎င်းတို့နှင့်အတူ အနက်ရောင် FZ  တစ်စီးနှင့် CANDA အနက်ရောင်ဆိုင်ကယ်နှစ်စီး လက်ဝယ်တွေ့ရှိသိမ်းဆည်းခဲ့ပြီး အခြား HONDA SCOOPY အဖြူ/အပြာ ဆိုင်ကယ်တစ်စီးအား စစ်ကိုင်း-ရွှေဘို ကားလမ်းဘေးရှိ မင်းထက်သာဆီဆိုင်တွင်ထား ရှိခဲ့ကြောင်း ဖော်ထုတ်ပြောကြားသဖြင့် အဆိုပါဆိုင်ကယ်အား သွားရောက်သိမ်းဆည်းခဲ့ပြီးဆိုင်ကယ်များခိုးယူခဲ့သည့် သူများအား စဉ့်ကိုင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း ခရိုင် ပြန်/ဆက်မှ သိရှိရသည်။ 

 

MDN