မုန့်ဖက်ထုပ်ပြုတ်ထားရာမှတစ်ဆင့် ပေါ့ဆမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

ကျွန်းစု  ၁၉  ဇန်နဝါရီ 

 

ကျွန်းစုမြို့နယ်၊ သတင်းတပ်ဖွဲ့ ဦးမျိုးနိုင်၏ သတင်းပေးမှုဖြင့် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ၌ ဇန်နဝါရီ ၁၉ ရက် နံနက် ဝ.၂၀ နာရီအချိန်ခန့်က  မီးလောင်မှု တစ်ခုဖြစ်ပွားနေကြောင်း ဖုန်းဖြင့်အကြောင်းကြားမှုဖြင့် သိရသည်။

 

IMG-8420e28a15545632437

 

ဖြစ်စဉ်မှာ ပြင်ထပ်အော်ကျေးရွာ၊ စာသင်ကျောင်းအရှေ့၊ ဦးလှိုင်ရွေ၏နေအိမ်ဈေးဆိုင်၌ မုန့်ဖက်ထုပ် ပြုတ်ထားရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်မိုး နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီးကျော်ကျော်ထူးနှင့် တပ်မတော်သား ၂၀၊ ကျေးရွာတာဝန်ခံများနှင့်ရွာသူရွာသားများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၂၀ တွင် မီးထိန်းနိုင်ခဲ့ကာ ၁ နာရီ ၂၅ မိနစ်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးငြှိမ်းသတ်ရာတွင် မီးသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ တပ်မတော်ရေဌာနချုပ်မှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ရေစုပ်စက်တစ်လုံး၊ ရေဂါလန် ၆၀ဝ၀ ဖြင့်မီးငြိမ်းသတ်ခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုခဲ့သည့်အတွက် နေအိမ်၌နေထိုင်သူ ကိုအေးမင်းလွင်အား ကျွန်းစုမြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့် အရေးယူထားလျက်ရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

IMG-d4e3d7b5