မူဆယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဇန်နဝါရီ 


မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီက မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်ကျေးရွာအထွက်၊ အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်အနီး၊ ကွတ်ခိုင်-မူဆယ်သွား ပြည်ထောင်စုလမ်းမတွင် နောင်ဂျာမောင်းနှင်ပြီး နော်အောင်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၆၀ဝ ကိုလည်းကောင်း။


အလားတူ ယင်းနေ့ ၁ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာ၊ ပလောင်ကွက်သစ်နေ မခင်စမ်းအေး (ခ) မအေးမီ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၈၀ ကိုလည်းကောင်း။


ထို့အတူ မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာကျေးရွာ၊ ငုဝါလမ်းရှိ ဒေါ်ခင်မာဦး၏ နေအိမ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာကျေးရွာ၊ ငုဝါလမ်းနှင့် ဂန္ဓမာလမ်းထောင့်တွင် မရတနာ (ခ) ရတနာသူဝင်းနှင့် မျိုးသန့်စင်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ဆက်လက်၍ ည ၇ နာရီက အင်းစိန်မြို့နယ်၊ ဈေးကုန်း(အရှေ့)ရပ်ကွက်၊ သီရိလမ်း၊ ရုပ်ရှင်ရုံရှေ့လမ်းတွင် မခိုင်ဆန်းနှင့် ဒေါ်မြအေးယဉ်တို့အား ရှာဖွေရာ စိတ်ကြွရူသွပ်ဆေးပြား ၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 


MDN