ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ ငြိမ်းချမ်းရေးခရီးစဉ် သင်္ဘောသရက်မြို့ရောက်ရှိ

သရက်  ၃၀   နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး သရက်မြို့ ခရိုင်ခန်းမရှေ့ဆိပ်ကမ်းသို့ နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့မြစ်ဧရာမှာ ထပ်ဆင့်ပွားအဖွဲ့ ငြိမ်းချမ်းရေးခရီးစဉ်သင်္ဘော ဆိုက်ကပ်ရောက်ရှိသည်။

 

ငြိမ်းချမ်းရေးတွဲလက်များ ရေယာဉ် ဆိုက်ကပ်ရာသို့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးယုမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများမှ ကြိုဆိုခဲ့ကြသည်။

 

ထို့နောက် ခရိုင်ခန်းမရှေ့တွင် တို့လိုချင်တဲ့ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး စာတမ်းပါ မြေစိုက်ပိုစတာ ဖွင့်လှစ်ပြီး သရက်မြို့အတွင်းရှိ သတ္တဌာနဘုရား၊ ခရစ်ယာန်ဘုရားကျောင်း၊ အကျဉ်းဦးစီးဌာနနှင့် တူရကီသင်္ချိုင်းသို့ လေ့လာရေးသွားရောက်ပြီး မွန်းလွဲ ၁ နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမသို့ သွားရောက်၍ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ဟောပြောပွဲနှင့်စကားဝိုင်း ပြုလုပ်ခဲ့သည်။ 

 

ယင်းနောက် ညနေ ၆ နာရီခွဲတွင် သရက်ခရိုင်ခန်းမအတွင်း တေးဂီတများဖြင့် ဖျော်ဖြေခဲ့ရာ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့အား သရက်မြို့စေတနာရှင်ပြည်သူများက အလှူငွေကျပ်(၃)သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကံမြင့်က(၃)သောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက(၃)သောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က (၁၅၀ဝ၀)ကျပ် အသီသီး လှူဒါန်းခဲ့သည်။ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ ငြိမ်းချမ်းရေးခရီးစဉ်သင်္ဘော သရက်မြို့မှ နံနက် ၆ နာရီက ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)