ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၁ ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၄၄၉၉ ဦးရှိ

ငပုတော    ၉ ဇန်နဝါရီ

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများကို ၂၀၁၉ ခုနှစ် မတ် ၆ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၁ ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းတွင်းဖြေ ၃၁၃၀ ဦးနှင့် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ၁၃၆၉ ဦးစုစုပေါင်း ၄၄၉၉ ဦးဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ငပုတောမြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၃၉၃၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူဦးရေမှာ ၁၀၅၄ ဦးရှိခဲ့ကြောင်း ငပုတောမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)