နည်းပြသစ် ဆိုးလ်ရှား မန်ယူမှာပဲ ဆက်လက်တည်ရှိလို

၃ ဇန်နဝါရီ

 

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြသစ် ဆိုးလ်ရှား လက်ထက်မှာ မနေ့ကကစားခဲ့တဲ့ နယူးကာဆယ်နှင့် ကစားတဲ့ပွဲစဉ်မှာ ၂-ဝ ဂိုးနှင့် အနိုင်ယူပြီးနောက်မှာ မန်ယူအသင်း လေးပွဲဆက်တိုက် အနိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။

 

ယာယီနည်းပြအဖြစ် ခန့်အပ်ခံထားရသော နည်းပြသစ် ဆိုးလ်ရှားက ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ မထွက်ခွာချင်ကြောင်း လေးပွဲဆက်တိုက် အနိုင်ယူပြီးနောက် ဝန်ခံပြောကြားလိုက်ပါတယ်။

 

မန်ယူအသင်းရဲ့ သမိုင်းမှာ ၁၉၄၆-၄၇ ခုနှစ်က နည်းပြ ဘစ်ဘီ နောက်ပိုင်း ဆိုးရှားဟာ အနိုင်ပွဲ ၄ ပွဲဆက်ခဲ့တဲ့ နည်းပြဖြစ်လာပါတယ်။

 

ဆိုးလ်ရှားက “သမိုင်းအဖြစ် လုပ်ဆောင်ဖို့ မတွေးထားပါဘူး။ ဒါပေမယ့် အခုတော့ သမိုင်းဖြစ်ခဲ့ပါတယ်။ လာမည့် ကစားပွဲတွေကိုဘဲ တွေးနေတယ်။ အခု လေးပွဲနိုင်ထားရင် နောက်ထပ် လေးပွဲနိုင်နိုင်တယ်လေ။ ဒါက စိန်ခေါ်မှုဘဲ အဲဒီနည်းကိုဘဲ မန်ယူက အသုံးပြုခဲ့တယ်။ အဲဒီနည်းကို ဖာဂူဆန် အမြဲ အသုံးပြုတယ်လေ”လို့ သတင်းဌာနတွေ ကိုပြောကြား ပါတယ်။

 

လာမယ့် စနေနေ့မှာ FA ဖလားအတွက် ရက်ဒင်းနှင့် မန်ယူ ကစားဖို့ရှိသလို ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပရီးမီးယားလိဒ်ပွဲစဉ်မှာ စပါးအသင်းနှင့် မန်ယူ ကစားရမှာဖြစ်ပါတယ်။

 

MDN
ကိုးကား- AFP