ဖင်လန် နိုင်ငံတွင် ယာဉ်တိုက်မှု ဖြစ်ပွား ယာဉ်မောင်း နှင့် ကလေး သေဆုံး

၈ ဇန်နဝါရီ

ဖင်လန်နိုင်ငံမြောက်ပိုင်း ဆိုဒမ်ကီလာအနီး ရုရှားနိုင်ငံထုတ် မြောက်ပိုင်းသို့သွားနေသော မော်တော်ယာဉ်များနှင့် တောင်ပိုင်းသို့သွားနေသော ကုန်တင်ကားကြီးတစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိကြသဖြင့် ယာဉ်မောင်းတစ်ဦး နှင့် ၃ နှစ်သားအရွယ် ကလေးတစ်ဦး ယမန်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် သုံးဦးဒဏ်ရာရပြီး နှစ်ဦး စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ လမ်းတွင် မိုးရွာသွန်းခြင်းမရှိပဲ ပုံမှန်အခြေအနေပင် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် အီဆာ ဟာဂျူ က ဆိုသည်။

ထိုယာဉ်တိုက်မှုတွင် သေဆုံးခဲ့သည့် ကလေးငယ်မှာ ကားနောက်ခုံတွင် ထိုင်ခဲ့ပြီး ထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိမရှိ  မပြောနိုင်ကြောင်း ရုရှားထုတ်ကားတွင် အားလုံးပေါင်း လူငါးဦးပါရှိကြောင်းနှင့် ကုန်တင်ကား ယာဉ်မောင်းမှာ ဒဏ်ရာ မရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို