ပြင်သစ်မှာ ကျင်းပနေတဲ့ နိုင်ငံတကာရေခဲပန်းပုပြိုင်ပွဲ

mdn

၁၉ ဇန်နဝါရီ

 

ပြင်သစ်နိုင်ငံ စဘွေးဒေသတွင် ကျင်းပနေတဲ့ နိုင်ငံတကာ ရေခဲပန်းပုပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက ပန်းပုပညာရှင် အယောက် ၂၀ ပါဝင်ယှဉ်ပြိုင်နေတာကို တွေ့ရပါတယ်။ ၂၈ ကြိမ်မြောက် ဘဲလွှာ ရေခဲပန်းပု ပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ ၄ ရက်တိုင် ကျင်းပသွားမှာလို့ သိရပါတယ်။ သောကြာနေ့မှာ ပြိုင်ပွဲပြီးဆုံးမှာဖြစ်ပေမယ့် တနင်္ဂနွေနေ့အထိ မီးတွေနဲ့ အလှဆင်ထားမှာဖြစ်ပါတယ်။ 

 

mdn

 

ထုတ်ခြင်းပေါက်မြင်ရအောင် ကြည်လင်နေတဲ့ ရေခဲတုံးကြီး ၁၈ တန်ကို နာဘွန်းမြို့ကနေ မှာယူရတယ်လို့ သိရပါတယ်။ နာဘွန်းမြို့မှာရှိတဲ့ ရေခဲသေတ္တာတစ်လုံးကဘဲ အခုလို ထုတ်ခြင်းပေါက်မြင်ရအောင် ကြည်လင်နေတဲ့ ရေခဲတုံးကြီးတွေ ထုတ်ယူနိုင်တယ်လို့ ဘဲလွှာရေခဲပန်းပုပြိုင်ပွဲ ကျင်းပရေးဌာနက ပြောပါတယ်။

 

mdn

 

ဒိန်းမတ်နိုင်ငံကနေ လာရောက်ယှဉ်ပြိုင်တဲ့ ပန်းပုပညာရှင် ကလိဘို ကတ်ခန်ကို က ရေခဲဟာ သိပ်ကိုထူးခြားတယ်။ ကိရိယာပစ္စည်းမျိုးစုံကို အသုံးပြုရတယ်။ ရေခဲတွေကို ပန်းပုမထုခင်မှာ အကုန်လုံးကို တစ်တုံးတည်းဖြစ်အောင် ကော်နဲ့ကပ်ရတယ်။ အုတ်ခဲလိုပေါ့ ပြီးတော့မှလိုတဲ့ ပုံသွင်းထုရတယ်လို့ ဆိုပါတယ်။ 

 

mdn

 

ဟော်လန်နိုင်ငံသူ ပန်းပုပညာရှင်ကလည်း အပူချိန်က တစ်ချိန်လုံးပြောင်းလဲနေတာလေ နေ့အချိန်မှာ နေရောင်ရှိနေတော့ ရေခဲတွေကို ကာကွယ်ထားရတယ်။ လက်မှာရှိတဲ့ အပူချိန်ကတောင် ရေခဲကို အရည်ပျော်စေတယ်။ အဲဒီတော့ ညပိုင်းမှဘဲ ပန်းပုထုရတယ်လို့ သူ့အတွေ့ကြုံကို ပြောပြပါတယ်။

 

mdn

 

MDN
ကိုးကား- AFP