ပန်းတောင်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၄) ဦးသေ၊ (၃) ဦးဒဏ်ရာရရှိ

နေပြည်တော် ၁၈  ဇန်နဝါရီ 


ဇန်နဝါရီ ၁၇ ရက် နံနက် ၇ နာရီ ၅ မိနစ်က ပန်းတောင်းမြို့နယ်၊ ဘူးရိုးသစ်တောကြိုးဝိုင်းအတွင်း တရောညို တဲစုတောလမ်း၌ တရော်ညိုကျေးရွာမှ ဥသျှစ်ပင်ကျေးရွာသို့ ကြေးစည်ကျေးရွာနေ အေးကို (၄၀) နှစ် မောင်းနှင်လာသော 9B/×××× အေရိုးလက်စ် ၆ ဘီးယာဉ်သည် အနက် ၃၀ ပေခန့်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်း အေးကိုမှာထွက်ပြေးသွားခဲ့ပြီး ယာဉ်ပေါ်ပါ တစ်ရွာတည်းနေ ရာဇာစိုး (၂၃) နှစ်ပါ အမျိုးသား (၄) ဦးသေဆုံးခဲ့ပြီး သက်မောင်ထွေး (၃၄) နှစ်ပါ (၃) ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း အေးကိုအား ဥသျှစ်ပင်နယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သတင်း ရရှိသည်။ 


(ရဲပြန်ကြား)