ပါရီပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ လေးဦးထိရှိလာ

၁၄ ဇန်နဝါရီ

စနေနေ့က ပါရီမြို့လယ်တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထပ်မံသေဆုံးခဲ့ရာ  သေဆုံးသူဦး ရေမှာ လေးဦးအထိရှိလာခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၉ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ဆိုသည်။ အဆိုပါ ပေါက်ကွဲမှုမှာ ဓာတ်ငွေ့ယို့စိမ့်မှုကြောင့်ဟု ယုံကြည်ရသည်။

 

mdn


ခြောက်ထပ်မြင့်မားသည့် အဆောက်အဦတွင် ပေါက်ကွဲမှုကြောင့် မြေညီထပ်ရှိမုန့်တိုက်နှင့် အနီးတစ်ဝိုက်ရှိ မော်တော်ယာဉ်များ၊ အဆောက်အဦများ ပျက်စီးသွားသည်ဟု ဆိုသည်။ 


သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ အနီးအနားရှိ ဟိုတယ်တွင်တည်းခိုနေထိုင်သူ စပိန်ခရီးသွားတစ်ဦးဖြစ် ကြောင်း ပြင်သစ်အစိုးရရှေနေ့များက တနင်္ဂနွေနေ့တွင် NHK သို့ ပြောကြားခဲ့သည်။   နောက်ထပ်သေဆုံးသူ တစ်ဦးမှာ အဆိုပါအဆောက်အဦတစ်ခုတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကို  အပျက် အစီးများအောက်တွင် တွေ့ရှိခဲ့သည်။

မီးသတ်သမားများက ပေါက်ကွဲမှုမဖြစ်မီ ဓာတ်ငွေ့ယို့စိမ်မှုတစ်ရပ် ဖြစ်ပွားသည်ဆိုသော သတင်းများ ရရှိခဲ့ ကြောင်း၊ ဓာတ်ငွေ့ယို့စိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ရခြင်းဟု ၄င်းတို့က သံသရှိနေကြောင်း သတင်းရပ်ကွက် များကဆိုသည်။

mdn

အခြားအဆောက်အဦများ ပြိုကျနိုင်သောအန္တရာယ် ရှိ မရှိ စစ်ဆေးရန် အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကို အစောင့်အကြပ်များဖြင့် ပိတ်ဆို့ဝန်းရံခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်