ရေစကြိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းဖွင့် 

ရေစကြို  ၂၁ သြဂုတ်

 

မကွေးတိုင်းဒေသကြီး ပခုကက္ကူခရိုင် ရေစကြိုမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြိုဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကော်မရှင်ရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းတွင် ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းစိန်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်မို့မို့နှင့် ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးဇော်သူတို့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ငန်းခွင်ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်လုပ်ဆောင်ရမည့် ကဏ္ဍနှင့်တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက် ဖြစ်ကြောင်းသိရသည်။

 

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းခွင်အကြိုဆင့်ပွားသင်တန်းတွင် ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းစိန်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်မို့မို့နှင့် ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးဇော်သူနှင့် မြို့နယ်ကော်မရှင် ဥက္ကဋ္ဌဦးမြင့်အောင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

 

ကိုထိန်(ပြန်/ဆက်)