ရန်ကုန်နှင့် နေပြည်တော်တွင် မြန်မာ-ဂျပန်ဂီတပွဲတော် ကျင်းပမည်

ရန်ကုန် ၁၇ ဇန်နဝါရီ

 

မြန်မာနိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်ဂီတပညာရှင်တို့ ပူးပေါင်းဖျော်ဖြေ တင်ဆက် မည့် မြန်မာ-ဂျပန် ဂီတပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။

 

မြန်မာနိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်ဂီတပညာရှင်တို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်မည့် မြန်မာ-ဂျပန် ဂီတပွဲတော်ကို  ဝင်ကြေးအခမဲ့အဖြစ် ဇန်နဝါရီလ ၁၈ ရက် (သောကြာနေ့) ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက် ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင်လည်းကောင်း  ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN