သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်း ၁၉ ဇန်နဝါရီ 

    
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက အမှာစကား ပြောကြားခဲ့ပြီး သမဝါယမတက္ကသိုလ် (စစ်ကိုင်း) မှ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MSEM)၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာဘွဲ့လွန် ဒီပလိုမာ (PGDAF)၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ပညာဘွဲ့လွန် ဒီပလိုမာ (PGDMM)၊ စီးပွားရေးသိပ္ပံဘွဲ့များ အပ်နှင်းခံရသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၂၈) ဦးတို့အား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီး ဘွဲ့အပ်နှင်းပေးခဲ့ကြကြောင်း သိရသည်။


ဇော်မြင့်နိုင် (ပြန်/ဆက်)