သရက်အကျဉ်းထောင်တွင် အမျိုးသမီးများ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

သရက်  ၈  ဇန်နဝါရီ

 

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန သရက်အကျဉ်းထောင်ရှိ အမျိုးသမီးဆောင် တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှ ဒီဇင်ဘာ ၂၈  ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့သော အမျိုးသမီးများ စက်ချုပ်၊ လက်ချုပ်အခြေခံသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၇ ရက်က အဆိုပါ အမျိုးသမီးဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် သရက်အကျဉ်းထောင် တာဝန်ခံအရာရှိ(ထောင်ပိုင်ကြီး) ဦးသိန်းလွင်က အမှာစကားပြောကြားပြီး သင်တန်းသူ မဝါဝါအောင်က သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။ 

 

ယင်းနောက် ထောင်ပိုင်ကြီး ဦးသိန်းလွင်က သင်တန်းသူများ ချုပ်လုပ်ထားသည့် အင်္ကျီများကို စစ်ဆေးကြည့်ရှုခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပေါက်ကလေး (သရက်)