သုတစုံလင် ဉာဏ်ကြီးရှင်ပြိုင်ပွဲ ပြည်မြို့၌ကျင်းပ

ပြည် ၁၂ ဇန်နဝါရီ    


ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သုတစုံလင်ဉာဏ်ကြီးရှင် မြို့နယ်အဆင့်ပြိုင်ပွဲကို  ပြည်မြို့ အမှတ်(၄) အခြေခံပညာ အထက်ကျောင်း၌ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါပြိုင်ပွဲတွင် ပြည်မြို့နယ် အခြေခံပညာကျောင်းများမှ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အတော်ဆုံး ကျောင်းသားကျောင်းသူငါးဦးကို ရွေးချယ်ကာ ခရိုင်အဆင့် ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

mdn


ပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါက်တာ ဒေါ်မာမာဇင်နှင့် ပညာရေးဝန်ထမ်းများ၊  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


မျိုးကျော်ကြီး(ပြည်)

 

mdn