"ထာဝရထက်နှစ်ဆ " ရုပ်ရှင် ဇာတ်ကား ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန်  ၁၆   ဇန်နဝါရီ 


ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေး၏ "ထာဝရထက်နှစ်ဆ" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ရန်ကုန်မြို့ Junction City ရှိ  JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည် ဖြစ်သည်။


အဆိုပါရုပ်ရှင်ဇာတ်ကားတွင် မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ ငွေမှုံရတီ၊ ဇင်ဝိုင်း၊ ရန်ကျော်၊ မေသဉ္ဇာဦး ၊ ဧည့်သည်သရုပ်ဆောင် ကျော်ကျော်၊ ပြေဇင်၊ သီရတီနှင့် အနုပညာရှင်များစွာ ပါဝင်ထားပြီး ရှေးရိုးစွဲ အစဉ်အလာများနှင့်အတူ မိဘနှင့် သားသမီးအကြား ဖြစ်တတ်သည့် အကြောင်းအရာများကို ပုံဖော် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။ 


သတင်း-ဇော်ကြီး