၁၈ ဇန်နဝါရီ
ထိုင်းနိုင်ငံတောင်ပိုင်းအကျဆုံး ပတ္တနားပြည်နယ် နောင်ချင် ခရိုင်တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရဲသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ရဲသားနှစ်ဦးမှာ ကျောင်းဆရာ၊ ဆရာမ အုပ်စု တစ်စုကို အစောင့်အကြပ် လိုက်ပါပို့ဆောင်သူများ ဖြစ်ကြောင်း သိရသည်။
ထိုဗုံးပေါက်ကွဲမှုမှာ မနက် ၇ နာရီ ၅၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရ ရဲတပ်သား နှစ်ဦးကို ပတ္တနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ ခါအိုစော့က ဖော်ပြထားသည်။
ယင်းလက်လုပ်ဗုံးထောင်သူကို မသိရသေးသော်လည်း ထိုပြည်နယ် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆသည်။
တောင်ပိုင်းပြည်နယ်များ ဖြစ်ကြသော နာရာသီဝပ်၊ ရာလာ နှင့် ပတ္တနားတို့သည် ခွဲထွက်ရေးအဖွဲ့များ၏ ဗုံးဖောက်ခွဲမှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုတို့ မကြာခဏခံခဲ့ရပြီး ၂၀ဝ၄ ခုနှစ်နောက်ပိုင်း လူပေါင်း ၇၀ဝ၀ကျော် အသတ်ခံခဲ့ရသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို