ထရန့်နဲ့ကင် တို့ရဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံလိုကြောင်း ထုတ်ဖော်ပြောကြား

mdn

၁၈ ဇန်နဝါရီ

အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ရဲ့ ဒုတိယကြိမ်မြောက်  ဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ 

 

မြောက်ကိုရီးယားရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ကင်ရုံချို ဟာ သမ္မတ ထရန့်နဲ့ အိမ်ဖြူတော်မှာ ဒီကနေ့ တွေ့ဆုံဖို့ရှိနေပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ ထရန့်နဲ့ကင်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာများနှင့် ဆွေးနွေးပွဲကျင်းပမယ့် နေရာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ 

mdn

 

ဗီယက်နမ်ဝန်ကြီးချုပ်က Bloomberg ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံလိုကြောင်း ၊ ဘယ်နေရာမှာ ကျင့်ပမယ်လို့ မသိရသေးပေမယ့် ဗီယက်နမ်နိုင်ငံကတော့ အကောင်းဆုံး လုပ်ဆောင်သွားမယ်။ ဗီယက်နမ်ဟာ အမေရိကန်နိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ တခြားကဏ္ဍတွေမှာလည်း ပေါင်းစပ် လုပ်ကိုင်နေပါတယ်”လို့ ပြောကြားသွားပါတယ်။ 

 

ဗီယက်နမ်နိုင်ငံမြို့တော် ဟန္နိုင်း သို့မဟုတ် ကမ်းရိုးတန်းမြို့တော် ဒါနန်း မြို့ဟာ ဆွေးနွေးပွဲအတွက် အကောင်းဆုံးမြို့တွေဖြစ်ပါတယ်။ 

 

အမည်မဖော်လိုသူ ဗီယက်နမ်အစိုးရ အဖွဲ့ဝင်တစ်ဦးက “ထရန့်နဲ့ကင်တို့ရဲ့ ဆွေးနွေးပွဲ လက်ခံကျင်းပဖို့အတွက် အသုံးစရိတ်တွေ ကြိုတင်ပြင်ဆင်ပြီးပြီ၊ သူတို့ဘယ်လို ဆုံးဖြတ်မယ်ဆိုတော့ မသိသေးဘူးပေါ့။ ဒါနန်းမြို့ မဟုတ်ရင် တခြားနေရာတွေလည်း ရှိနေသေးတယ်။ ဗီယက်နမ်အနေနဲ့ အိမ်ရှင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ဘက်ကဘဲ ဆုံးဖြတ်ရမှာပါ” လို့ AFP ကို ပြောပါတယ်။ 

 

MDN
ကိုးကား- AFP