ထူးထူးခြားခြား အလှူပြုလုထူးထူးခြားခြား အလှူပြုလုပ်ခဲ့တဲ့ ပါ့ခ်ရှင်ဟေးပ်ခဲ့တဲ့ ပါ့ခ်ရှင်ဟေး

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီး တစ်ဦးဖြစ်တဲ့ ပါ့ခ်ရှင်ဟေးဟာ လတ်တလောမှာ မီးသတ်သမား တွေအတွက် အဝတ်လျှော်စက်တွေ လှူဒါန်းခဲ့တာကြောင့် ကြယ်ပွင့်တွေရဲ့ အလှူတွေအထဲမှာ ထူးခြားတဲ့ လှူဒါန်းမှု ဖြစ်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ 

ပါ့ခ်ရှင်ဟေးရဲ့ ဖျော်ဖြေရေးအေဂျင်စီက ထုတ်ဖော်ပြောကြားချက်အရ မင်းသမီးဟာ မီးသတ်လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မီးသတ်သမားတွေအတွက် အဝတ်အစားတွေ လျှော်ဖွပ်ဖို့ရာ အဝတ်လျှော်စက် အလုံး ၂၀ လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ လှူဒါန်းမှု တန်ဖိုးဟာ ကိုရီးယားဝမ် သန်း ၅၀ ခန့် တန်ဖိုးရှိကြောင်း သိရပါတယ်။

အေးပြည့်