တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအတွက် အေးချမ်းသာယာသော သင်ယူမှုဝန်းကျင်ကောင်းဖော်ဆောင်နိုင်ရေး ပညာရေးစကားဝိုင်း ကျင်းပ

တက္ကသိုလ်တွေဟာ လောလောဆယ်မှာ အစိုးရရဲ့ ဝင်ငွေပေါ်မှာပဲ ရပ်တည်နေရတဲ့အတွက် ပညာရေးဝန်ကြီးဌာနကလည်း တက္ကသိုလ်တွေ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အစီအမံတွေ ဆောင်ရွက်နေပါတယ်

 

၁၄ ဇန်နဝါရီ

 

တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအတွက် အေးချမ်းသာယာသော သင်ယူမှုဝန်းကျင်ကောင်းဖော်ဆောင်နိုင်ရေး ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မိုးပွင့်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ပါမောက္ခချုပ် (တာဝန်) ဒေါက်တာ အောင်ဝင်းနှင့် တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည် –

 

ယမန်နေ့မှအဆက် အစီအစဉ်မှူး ။ ။ တက္ကသိုလ်တွေမှာ ကျောင်းသား ကျောင်းသူတွေ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအပေါ်မှာ ကျောင်းသား၊ ကျောင်းသူတွေဘက်က ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရှိပါသလဲရှင်။

 

ဒေါက်တာကျော်ကျော်ခေါင်။ ။ ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်နယ်မြေ သာယာဝပြောရေးအတွက်၊ သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ကျောင်းနေပျော်ပြီး စာတော်ဖို့အတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြပါတယ်။ ၂၁ ရာစု ကလေးငယ်တွေဟာ ICT နဲ့ အမြဲတမ်းထိတွေ့မှုရှိတဲ့အတွက်သူတို့ရဲ့အမြင်ဟာ ကျယ်ပြန့်ပါတယ်။ အဲဒါကိုလည်းအားပေးရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ စာသင်ခန်းထဲမှာတင် မကျေနပ်နိုင်ဘဲ စာသင်ခန်းပြင်ပက လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွလုပ်ဖို့အတွက် အမြဲတမ်း လျော်ကန်တည့်မတ်တဲ့ အကြံဆိုရင် ဆရာကြီးတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါတယ်။ အမြဲတမ်းဆောင်ရွက်နိုင်အောင်လည်း လမ်းဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

 

လူ့အခွင့်အရေးအသိ ကျယ်ပြန့်ဖို့ရည်ရွယ် 

 

ကျွန်တော်တို့တက္ကသိုလ်အနေနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ ဒိန်းမတ်သံရုံးနဲ့ MoU ရေးထိုးပြီးတော့ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ Danish institute of Human Right Resource Centre ကနေ ဖွင့်လှစ်ထားတဲ့ Human Right Resource Centre ရှိပါ တယ်။ Human Right Resource Centre ရဲ့ အဓိကရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ ဗဟုသုတကျယ်ပြန့်စေဖို့ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တက္ကသိုလ် နှစ်ခုပဲ တည်ထောင်ထားနိုင်ပါသေးတယ်။ ဒါကြောင့် အရှေ့ပိုင်းတက္ကသိုလ် စာကြည့်တိုက်မှာ DIHR ရဲ့ Human Right Resource Centre ကို ဖွင့်ထားပြီး Law ကျောင်းသားတွေအပြင် ကျန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာတွေ သွားရောက်ပြီး လေ့လာနေတာ တွေ့ရပါတယ်။ Human Right Resource Centre မရှိသေးတဲ့ ဌာနတွေကလည်း အရှေ့ပိုင်း တက္ကသိုလ်ရဲ့ Human Page ကို ဖွင့်ကြည့်ပြီး စာအုပ်တွေ ဖတ်ရှုနိုင်ပါတယ်။ လက်ရှိအခြေအနေ အရ Human Right Knowlege က အင်မတန်မှ အရေးကြီးလာတာ ဖြစ်ပါတယ်။ အဲဒီ အတွက် ဥပဒေကျောင်းသားတွေဟာ စာကြည့် တိုက်မှူးနဲ့ တိုင်ပင်ပြီးတော့ Human Right Resoruce Centre တွေမှာ သူတို့ Duty အဆိုင်းချပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေကြားမှာ Human Right နဲ့ တရားဥပဒေ စိုးမိုးရေး အသိပညာတွေ ပြန့်ပွားလာအောင် လုပ်အားပေးတဲ့အဖွဲ့တွေ ရှိပါတယ်။ ကျွန်တော်ကလည်း သူတို့ရဲ့ စိတ်ဓာတ်တက်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေပါဝင်မှုက အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

အစီအစဉ်မှူး ။ ။ တက္ကသိုလ် ကျောင်းတွေမှာ သင်ယူလိုတဲ့ ပတ်ဝန်းကျင် ကောင်းဖြစ်ဖို့ ဘာတွေများ လိုအပ်ပါသလဲရှင်။

 

ဒေါက်တာအောင်ဝင်း ။ ။ တက္ကသိုလ်တွေမှာ သင်ယူလိုတဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံက အဓိကအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံကို စဉ်းစားတဲ့အခါမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပညာရေး ပုံစံ၊ နောင်ဖြစ်ပေါ်လာမယ့် ပညာရေးပုံစံတွေကို အခြေခံပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိ ရှိနေတဲ့ စာသင်ခန်းတွေမှာ ခုံရှည်တွေ၊ Row တွေ၊ Column တွေ ခွဲထားတဲ့စနစ်က ကျောင်းသားတွေရဲ့ 21st Century Skills ကို ကောင်းကောင်း Support မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဦးစားပေးအနေနဲ့ စာသင်ခန်းတွေ အတွက် ကျောင်းသားတွေရဲ့ Activities ပေါ်မူတည်ပြီး Group ဖွဲ့နိုင်တဲ့ ပုံစံမျိုးနဲ့ လိုက်လျောညီထွေဖြစ်မယ့် စာသင်ခန်းတွေကို စပြီးတော့ပြောင်းဖို့ လိုအပ်ပါတယ်။

 

မြို့ငယ်လေးလို ပြည့်စုံရန်လို 

 

ဒါ့အပြင် ကျောင်းသားတွေကို 21st Century Skills ရအောင် အဓိကသွားနေတာ ဖြစ်တာကြောင့် အခြေခံအဆောက်အအုံပိုင်းမှာ Make Space တွေ အရေးကြီးပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေ လေ့လာတဲ့အခါမှာ Maker Space တွေ၊ Sub-Lab တွေ၊ Factory Classroom ပြင်ဆင်ထားတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေဟာလည်း ပြောင်းလဲလာမယ့် ပညာရေးပုံစံကို စဉ်းစားပြီးတော့ စာသင်ခန်းတွေ၊ ကျောင်းသားတွေအတွက် Formal, informal, Gathering Space တွေ အပါအဝင် ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ပြည့်စုံအောင် စဉ်းစားထားပေးဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်ဆိုတာ မြို့ငယ်လေးတစ်ခုလို ပြီးပြည့်စုံနေရမှာ ဖြစ်ပါတယ်။ ဒါမှ ကျောင်းသားတွေက သင်ယူမှုမှာ အာရုံစိုက်နိုင်မှာဖြစ်သလို သင်ကြား ရေးဝန်ထမ်းတွေကလည်း သင်ကြားရေးနဲ့ သုတေသနကို အာရုံစိုက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးမှလည်း သင်ကြားမှု၊ သင်ယူမှု Process ကြီးက အရှိန်အဟုန်မြင့်လာမှာဖြစ်တဲ့ အတွက် Physical infrastructure ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံကို ပြုပြင်ပြောင်းလဲဖို့၊ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

 

အစီအစဉ်မှူး ။ ။ ဒီမေးခွန်းအပေါ်မှာ ဆရာကြီး ဦးအောင်မြတ်စိုးက ဆက်ပြီး ဆွေးနွေးပေးပါဦး။

 

ဆရာကြီးဦးအောင်မြတ်စိုး ။ ။ အဆင့်မြင့် ပညာကို လေ့လာတဲ့ အခါမှာ သင်ရိုးညွှန်းတမ်း သင်ကြားသင်ယူမှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ Phusical infrastructure ကောင်းမွန်ပြီး Curriculum, Syllabus, Teaching - Learning တွေ ကောင်းကောင်းသုံးနိုင်တဲ့ ပညာ ရေးစနစ်ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် Teaching – Learning တွေထဲမှာ Thinking Skills တွေ ပါဝင်နိုင်အောင်၊ interaction များများ ပါနိုင်အောင် entrepreneurial Skills တွေ၊ Smart Mind တွေထိ ဖွံ့ ဖြိုးတိုးတက်လာနိုင်တဲ့ Teaching - Learning တွေကို ဖန်တီးပေးဖို့လိုပါတယ်။ ဒီလို Teaching - Learing တွေ ဖြစ်နိုင်ဖို့ Project Oriented Learning တွေ၊ Problem Oriented Learning တွေ၊ Case Study Based Learning မျိုးတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ ဒါမှသာ ကျောင်းသူ ကျောင်းသား တွေဟာ သူတို့လေ့လာနေတဲ့ အရင်ကပုံစံ Pasive Learning ကနေ Active Learning ကို ကူးပြောင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ Physical infrastructure တွေ ကောင်းကောင်းသုံးနိုင်ဖို့ဆိုရင် ဘာသာရပ်တွေ အလိုက် လိုအပ်နေတဲ့ Chemical တွေ၊ Apparatus တွေ၊ equiment တွေ ပြည့်စုံတဲ့ လက်တွေ့ခန်းတွေ လိုအပ်ပါတယ်။ ဘာသာရပ်အလိုက် လိုအပ်နေတဲ့ Maker Space တွေ၊ ဥပမာအားဖြင့် Metal Working, Wood working, Prototyping, Electronics shop, Pring making, Ceramics တွေ အတွက် ပြည့်စုံကောင်းမွန်တဲ့ လက်တွေ့ခန်းတွေိဖို့လိုအပ်ပါတယ်။ နောက် informal Gathering Space တွေလည်း ရှိနိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ်။

 

ထိရောက်တဲ့ ပညာရေး 

 

နောက်ထပ် integrated Design Project တွေ၊ Learing တွေကို လုပ်မယ်ဆိုရင် ဘာသာရပ်တွေ၊ ကျွမ်းကျင်မှုတွေ၊ မတူညီတဲ့သူတွေ ပူးပေါင်းခြင်းအားဖြင့်လည်း ပိုပြီးတော့ အကျိုးဖြစ်ထွန်းလာနိုင်မယ်လို့ ထင်ပါတယ်။ 

 

နောက် တစ်ချက်အနေနဲ့ဆိုရင် Teaching - Learning တွေကို ပေးတဲ့အချိန်မှာ Library ကို များများ သုံးနိုင်တဲ့ ပုံစံတွေကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် ဘာသာရပ်အလိုက် လိုအပ် တဲ့ Assignment တွေ ပေးမယ်ဆိုရင် မဖြစ်မနေ Library, e-library ကို သူတို့သုံးရမှာ ဖြစ်ပါ တယ်။ အဲဒီလိုပဲ Online Resoruce တွေနဲ့ information တွေ သုံးလာမယ်ဆိုရင် ပိုပြီးတော့ ထိရောက်တဲ့ သင်ကြား သင်ယူမှုတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဥပမာ-ပညာရေးကောလိပ် တွေဟာ အခြေခံပညာမှာ အမှန်တကယ် ထိရောက်တဲ့ Quality education တွေ ပေးနိုင်ဖို့ တကယ့် Quality Teacher တွေကို မွေးထုတ် ပေးနေတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ အဆင့်မီတဲ့ Curriculum တွေ၊ Syllabus တွေ ကို ကောင်းကောင်းသုံးရမှာ ဖြစ်ပါတယ်။ ပညာရေး ကောလိပ်ဆင်း ဆရာ ဆရာမတွေဖြစ်လာမယ့် သူတွေက ကလေးတွေကို CCA ခေါ်တဲ့ Child Centre Apporach နဲ့ မဖြစ်မနေ သင်ကြားရမှာပါ။ ဒီလိုပဲ ကျောင်းသားတွေကလည်း Learner Centre Apporach နည်းနဲ့ လေ့လာသင်ယူ ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ အဓိက လိုအပ်တဲ့ Hard Skills တွေအပြင် Soft Skills တွေပါ ရသွားမယ်ဆိုရင် သူပြန်လည်ပို့ချမယ့် ကလေးတွေကို ထိရောက်တဲ့ပညာရေးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဆင့်မြင့်ပညာကို လေ့လာတဲ့အခါ နောက်ထပ် Personalized Modular education တွေလည်း ဖန်တီးပေးနိုင်မယ်ဆိုရင် တကယ့်အဆင့်မြင့်ပညာကို ပျော်ပျော်ရွှင်ရွှင် ထိထိရောက်ရောက်နဲ့ သင်ကြားနိုင်တဲ့ ပညာရေး တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

 

အစီအစဉ်မှူး ။ ။ အခု နောက်ဆုံးအနေနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသား ကျောင်းသူတွေကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာနဲ့အတူ ပညာသင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုတွေအပေါ်မှာ ကျောင်းသား ကျောင်းသူတွေဘက်က ဘယ်လိုမျိုး ပံ့ပိုးကူညီ ရမလဲရှင့်။

 

ဒေါက်တာကျော်ကျော်ခေါင်။ ။ Campus ကြီး သာယာဝပြော ဖို့အတွက် ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေနဲ့ပဲ ဆောင်ရွက်လို့ မရပါဘူး။ ဆရာသမဂ္ဂတို့၊ ကျောင်းသားသမဂ္ဂတို့ လူမှုရေးအဖွဲ့အစည်းတွေအားလုံး ညီညီညွတ်ညွတ် ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ၂၁ ရာစုမှာ ကြီးပြင်းကြမယ့် မျိုးဆက်တွေဟာ တွေးခေါ်ပုံတွေကအစ ပြောင်းလဲသွား ကြပါပြီ။ ဆရာ၊ ဆရာမတွေက စာသင်တာထက် ပိုတာဝန်ကြီးတဲ့ Resource Person  ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျောင်းသူ ကျောင်းသားတွေက Mobile Phone တွေကနေ အင်တာနက်ကို သူတို့ကိုယ်တိုင် ဝင်ရောက်ကြည့်ရှု နိုင်တဲ့အတွက် ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ သင်ကြားနည်းတွေ၊ သူတို့လှုပ်ရှားနေတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တာတွေ အတိမ်အနက်ကို သူတို့ သဘောပေါက်ကြပါတယ်။

 

ကိုယ်ပိုင်ရပ်တည်ဖို့ အစီအမံဆောင်ရွက် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တက္ကသိုလ်နယ်မြေ သာယာဝပြောလာစေရေးအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ရှောရှော ရှူရှူဖြစ်အောင် အပြုသဘောနဲ့ ဝင်ရောက်ပါဝင် ကူညီဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တွေဟာ လောလောဆယ်မှာ အစိုးရရဲ့ ဝင်ငွေပေါ်မှာပဲ ရပ်တည်နေရတဲ့အတွက် ပညာရေးဝန်ကြီး ဌာနကလည်း တက္ကသိုလ်တွေ ကိုယ်ပိုင်လွတ်လွတ် လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အစီအမံတွေ ဆောင်ရွက်နေပါတယ်။ ကိုယ်ပိုင်လွတ်လွတ်လပ် လပ်ရပ်တည်နိုင်တဲ့ အခြေအနေရောက်ရင် ကျောင်းသားတွေရဲ့ ပါဝင်ဆောင်ရွက်မှုက တက္ကသိုလ်နယ်မြေအတွက် အင်မတန်မှပဲ အရေး ကြီးပါတယ်။ အဲဒီအတွက် အလေ့အကျင့်ကောင်း တစ်ခုဖြစ်အောင် သူတို့ရဲ့ တက္ကသိုလ်နယ်မြေ သာယာဝပြောရေးလုပ်ငန်း ဆောင်ရွက်ချက်တွေ မှာ လိုလိုချင်ချင် ဝင်ရောက်ကူညီနေတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အခုအခြေအနေမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသားတွေ အကျိုး မျှော်ကိုးပြီး တောင်းခံတဲ့အခြေအနေတွေ ကို ပံ့ပိုးပေးဖို့နဲ့ အရင်ထက် တိုးမြှင့်ပေးဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ ဥပမာ - ဝန်ထမ်းအိမ်ရာအတွက် သော်လည်းကောင်း၊ အားကစားရုံအတွက်သော် လည်းကောင်း၊ အခြား သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းတွေအတွက်သော် လည်းကောင်း၊ အဲဒီကိစ္စတွေလည်း အင်မတန် အရေးကြီးပါတယ်။ အခုဆိုရင် တက္ကသိုလ်ပေါင်း ၁၃၄ ကျောင်းဟာ ပညာရေးဝန်ကြီးဌာနကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် တက္ကသိုလ်စုစည်း တဲ့ အင်အားဟာ အနာဂတ်မြန်မာနိုင်ငံပညာရေး အတွက် အင်မတန်အားရစရာကောင်းတဲ့ အခြေ အနေဖြစ်ပါတယ်။ အဓိကကျတဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုသလို တက္ကသိုလ်နယ်မြေ သာယာဝပြောဖို့အတွက် ကျောင်းသားနဲ့ ဆရာ စည်းစည်းလုံးလုံးရှိဖို့ လိုအပ် တယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်။ 

 

အစီအစဉ်မှူး ။ ။ အခုလို ဆွေးနွေးပေးတဲ့ ဆရာကြီး ဆရာမကြီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 

 

သတင်းအဖွဲ့