တရားမဝင် ကျွန်း၊ ပျဉ်းကတိုး တန် (၆၀) ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၁၈  ဇန်နဝါရီ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု   စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း တရားမဝင်သစ်များ ခိုးထုတ် သယ်ဆောင်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ ဇန်နဝါရီ ၁၅ ရက်တွင် တယ်လီဖုန်းဖြင့် သတင်းပေးပို့ တိုင်ကြားချက်ပါ နေရာ များအား နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင်သစ် ကျွန်းခွဲသား (၅၀၇) ချောင်း၊ (၅၄ ဒသမ ၈၄၈၇) တန်၊ ပျဉ်းကတိုးခွဲသား (၄၀) ချောင်း၊ (၆ ဒသမ ဝ၃၄၀) တန်၊ စုစုပေါင်း  (၆၀ ဒသမ ၈၈၂၇) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 


(သတင်းစဉ်)