တရုတ်နိုင်ငံသို့ရောက်ရှိပြီးသား တက်စ်လာ ကားအစင်းရေ ၁၄၀ဝ၀ ရဲ့ လေအိတ်တွေကို ပြန်ပြင်ပေးဖို့ လုပ်ဆောင်

၁၉ ဇန်နဝါရီ

လျှပ်စစ်ကား ကုမ္ပဏီ တက်စ်လာ ရဲ့ S မော်ဒယ်ကားတွေများတွင် တပ်ဆင်ထားတဲ့ တာကာတာ ကုမ္ပဏီထုတ် လေအိတ်တွေမှာ ချွတ်ယွင်းမှုတွေရှိတဲ့အတွက် အသစ်ပြန်လည်အစားထိုးပေးဖို့ တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီးသား တက်စ်လာကား အစင်းရေ ၁၄၀ဝ၀ ကို ပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ ဒီကနေ ကြေငြာလိုက်ပါတယ်။ 

 

၂၀၁၄ ခု ဖော်ဖဝါရီ မှ ၂၀၁၆ ခု ဒီဇင်ဘာအတွင်းမှာ ထုတ်ခဲ့တဲ့ တက်စ်လာရဲ့     S မော်ဒယ်ကားတွေများမှာ လေအိတ်မပွင့်တဲ့အတွက် ၂၀၁၇ ခုနစ်က သေဆုံးမှုတွေ ဖြစ်ခဲ့ကြောင်း ဝေဖန်ပြစ်တင်ခံခဲ့ရပြီး အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

 

တက်စ်လာ ကားပိုင်ရှင်တွေရဲ့ လုံခြုံရေးဟာ တက်စ်လာအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို လုပ်ဆောင်ရတာဖြစ်တယ် လို့ တက်စ်လာကုမ္ပဏီက ထုတ်ပြန်ပါတယ်။ 

 

တက်စ်လာကနေ တရုတ်ပြည်မှာ ကားအစီးရေ မည်မျှရောင်းချပြီးပြီဆိုတာ ဖွင့်ချပြောဆိုခြင်းမရှိပေမယ့် နှစ်စဉ် ကားအစီးရေ ၅ သိန်းနီးပါးထုတ်လုပ်လျက်ရှိရာ တရုတ်ပြည်ဈေးကွက်ရဲ့  ဝယ်လိုအားက ကြီးထွားလာတယ်လို့ တက်စ်လာရဲ့ CEO မက်စ် က ဒီလဆန်းပိုင်းက ပြောကြားပါတယ်။ 

 

MDN

 

AFP