ဝဲကြီးရေလှောင်တမံမှ နွေစပါးဧက ၁၅၀ဝ၀ ကျော် ရေပေးဝေလျက်ရှိ

ပေါင်းတည်   ၇  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးရေလှောင်တမံမှ ယခုနှစ်နွေစပါးစိုက်ရာသီတွင် နွေစပါး စိုက်ဧက ၁၅၀ဝ၀ ကျော်ကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးဝင်းက ပြောသည်။

 

ဝဲကြီးဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင် ခြင်းလုပ်ငန်းကို JICA(ODA) ချေးငွေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ ဝဲကြီးရေလှောင်တမံမှ ၂၀၁၈-၂၀၁၉ မိုးစပါးစိုက်ရာသီတွင် မိုးစပါး ဧက ၁၂၀ဝ၀ ကိုလည်း အောင်ရေ ပေးဝေနိုင်ခဲ့ပြီး ရေလှောင်တမံအတွင်း ရေပမာဏ ဧကပေ ၂၃၃၀ဝ၀ သိုလှောင်ထားရှိကြောင်း သိရသည်။

 

ဉာဏ်ကောင်းဆက်