ဝန်းသိုမြို့နယ်၌ Covid-19 ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ရာနူန်းပြည့်ပြီးစီး

ဝန်းသို ၂၃ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင်  Covid-19 ရောဂါကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash  For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ၆ ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် ကျေးရွာ(၆)ရွာ၊ စုစုပေါင်းကျေးရွာ(၁၂)ရွာတွင်  စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်း(၁)ခု၊ ရွာတွင်းလမ်းများ ဂျင်းမြေဖို့ပြီးကျောက်မုန့်ထပ်ပိုးခင်းခြင်းလုပ်ငန်း(၆)ခု၊ လမ်းဘေးဝဲ/ ယာ ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်း(၆)ခု၊ အရှည် ၉ ပေ ရှိ ကျောက်ရိုးစီကွန်ကရစ်တံတား(၂)စင်း၊ ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း(၃)ခု၊ မြေသားရေကန် ကန်ဘောင်ကျောက်ရိုးစီခြင်း လုပ် ငန်း(၁) ခု စသည့်လုပ်ငန်းခွဲများ ကျေးရွာ(၆)ရွာ၌ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

ကျေးရွာမတည်ရန်ပုံစီမံကိန်း(VRFP)ဖြင့် ကျေးရွာ(၆)ရွာတွင် စီမံကိန်းမိတ်ဆက်ခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ စီမံကိန်းစည်းကမ်းများသတ်မှတ်ခြင်း၊ ချေးငွေလျောက်လွာခေါ်ယူခြင်း၊ ချေးငွေ အတည်ပြုခြင်း၊ ရန်ပုံငွေလွှဲပြောင်းပေးခြင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်းလုပ်ငန်းများ အားလုံး ရာနူန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ရာ CERP စီပွားရေးကုစားမှုအစီအစဉ်အရ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၂)ရှိ အိမ်ခြေ (၁၃၈၇) အိမ်၊ လူဦးရေ(၇၁၅၇)ဦးတို့၏ စီးပွားရေးအဆင်မပြေမှုနှင့် မိသားစု ဝင်ငွေလျော့နည်းလာမှုအတွက် များစွာအထောက်အကူပြုပါကြောင်း မြို့နယ်ဦးစီးမှူးကပြောသည်။

 

မွှေးကြူဇင်