ယခုနှစ်အတွင်း ဂျပန်တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်သွားမယ့် TWICE

၁၄ ဇန်နဝါရီ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ “TWICE” ဟာ ယခုနှစ်အတွင်း ဂျပန် တေးအယ်လ်ဘမ်သစ် ထွက်ရှိသွားဖို့ရာ စီစဉ်နေတာ ဖြစ်တာကြောင့် ယခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ပရိသတ်ရှေ့အရောက် ပြန်လာမှာဖြစ်တယ်လို့ အောကေပေါ့ပ် ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

 

အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီ အန်တာတိန်းမန့်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ဖော်ပြောကြား လာခဲ့တာကတော့ “TWICE” ရဲ့ ဒုတိယမြောက် ဂျပန်မီနီတေးအယ်လ်ဘမ်ကို ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတေးအယ်လ်ဘမ်သစ်ကိုတော့ လာမယ့် မတ် ၃ ရက်မှာ စတင် ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းလည်း တစ်ပါတည်း ပြောကြားခဲ့ပါတယ်။

 

တေးအယ်လ်ဘမ်ရဲ့ အမည်ကိုတော “TWICE2” လို့ ပေးထားတာဖြစ်ပြီး ဒီတေးအယ်လ်ဘမ်ဟာ အဖွဲ့ရဲ့ ပထမဆုံးသော ဂျပန်တေးအယ်လ်ဘမ်ရဲ့အဆက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ ပထမဆုံးသော ဂျပန်တေးအယ်လ်ဘမ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန် ၂၈ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တာပါ။ ဒီတေးအယ်လ်ဘမ်နဲ့ “TWICE” ဟာ စံချိန်တွေလည်း ချိုးနိုင်ခဲ့ပါတယ်။ အဆိုပါတေးအယ်လ်ဘမ်ဟာ စတင်ထုတ် လွှင့်ခဲ့ချိန်မှာ အော်ရီကွန် နေ့စဉ်တေးအယ်လ် ဘမ်စာရင်းမှာ ရောင်းအားအကောင်းဆုံးသော တေးအယ်လ်ဘမ်အဖြစ် နံပါတ်(၁) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တေးအယ်လ်ဘမ် ပေါင်း ၂၅၀ဝ၀ဝ ရောင်းချခဲ့ရကာ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

မကြာမီ ထွက်ရှိလာတော့မယ့် တေးအယ်လ်ဘမ်သစ်နဲ့အတူ “TWICE” ဟာ ဂျပန်မှာ တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ရာ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဂျပန်ရဲ့ မြို့ကြီးသုံးမြို့မှာ ဖျော်ဖြေပွဲ ပြုလုပ်သွားမှာဖြစ်ပြီး မတ် ၂၁ ရက်မှာတော့ အိုဆာကာ၊ မတ် ၂၉ နဲ့ ၃၀ ရက်တွေမှာတော့ တိုကျိုနဲ့ နောက်ဆုံးဖျော်ဖြေပွဲကိုတော့ နာဂိုယာမှာ လာမယ့် ဧပြီ ၆ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကြေးမုံ