၀က်လက်မြို့နယ်၌ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော 

ဝက်လက်  ၁၃  ဇန်နဝါရီ

 

အမျိုးသမီးရေးရာကော်မတီမှ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သမံသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

10

 

ဟောပြောပွဲတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းမှ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားပြီး ဝက်လက်မြို့ ဥပဒေအရာရှိ ဦးကျော်စိုးညိမ်းမှ အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်လတ်မှ ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးများအတွက် ကျန်းမာရေးကိစွရပ်များ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ဟောပြောပွဲကို ဝက်လက်မြို့နယ် အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာနေပြည်သူ ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်းကို သိရသည်။

 

စိုးစိုးလှိုင်