၁၀၁ နှစ် အရွယ်ရှိ ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင်ဟောင်း ကွယ်လွန်

၃ အောက်တိုဘာ

၁၀၁ နှစ်အရွယ်ရှိသော ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ဒို မူအိုအီ သည် ဟနွိုင်းမြို့တော် စစ်ဆေးရုံ၌  ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သူသည် ၁၉၈၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း နှင့် ၁၉၉၁ ခုနှစ်တွင် အဆိုပါ ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်နှင့် တမုဟုတ်ချင်း ဗီယက်နမ်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဒိုမူအိုအီသည် ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် တံခါးဖွင့်မူဝါဒနှင့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာခဲ့ပြီး ၎င်း၏မူဝါဒကို  ဒွိုင်မွိုင် ဟု ထင်ရှားခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ၁၉၉၁ ခုနှစ်တွင် ဘေကျင်းသို့ သွားရောက်ခဲ့ကြောင်းနှင့် ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေခံအုတ်မြစ်ချမှတ်ရန် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြောင်း  ဖော်ပြထားသည်။

ဒိုမူအိုအီသည် ကြာမြင့်စွာ နေမကောင်းဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ကြောင်း ဗီယက်နမ် နိုင်ငံပိုင်မီဒီယာ က သတင်းဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို