၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စက်မှုထုတ်ကုန်တင်ပို့မှု စံချိန်တင်

mdn

၁၈ ဇန်နဝါရီ


ပြည်တွင်းလုပ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လောင်စာဆဲလ်များဝယ်လိုအား မြင့်တက်လာမှုကြောင့် တောင်ကို ရီးယားနိုင်ငံ၏ စက်မှုကုန်ပစ္စည်းများတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်က  စံချိန်သစ်တင်ခဲ့ကြောင်း အစိုးရ အစီရင်ခံစာ တစ်စောင်က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။


စက်မှုအစိတ်အပိုင်းများနှင့် ပစ္စည်းများ တင်ပို့ရောင်းချမှုမှာ ယခင်နှစ်က  အမေရိကန်ဒေါ်လာ ၃၁၆ ဒသမ ၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၁ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီးဌာနက ပြောကြားသည်။


စက်မှုပစ္စည်းများ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၂ ဘီလီယံရှိပြီး ကုန်သွယ်မှု ပိုငွေအဖြစ် အမေ ရိကန်ဒေါ်လာ ၁၃၉ ဒသမ ၁ ရရှိခဲ့ရာ စီးပွားရေးအရ စံချိန်တင်ပိုငွေဖြစ်ကြောင်း သိရသည်။

 

mdn


၂၀၁၈ ခုနှစ်အတွင်း စက်မှုကုန်သွယ်ရေးလုပ်ငန်းများမှ ကုန်သွယ်မှုပိုငွေမှာ နှစ်ဆဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၅ ဘီလီယံထိ ရှိခဲ့သည်။


၂၀၁၈ ခုနှစ်အတွင်း အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းများ ရောင်းချမှုမှာ ၁၉ ဒသမ ၆ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၆ ဘီလီယံရှိခဲ့သည်။ ပြည်တွင်းဖြစ် အီလက်ထရောနစ် အစိတ်အပိုင်းများ အပါအဝင် ချိစ်ပြားများ ဝယ်လိုအား အထူးကောင်းမွန်ခဲ့သည်။


ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုကြောင့် ဓာတုပို့ကုန်များ ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၄ ဘီလီယံခန့်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဘက်နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသို့ စက်မှုထုတ်ကုန်များ တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း နှစ်ဆ မြင့်တက်လာခဲ့သည်။

ဥရောပတိုက်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ၁၂ ဒသမ ၉ ရာခိုင်နှုန်း ရရှိခဲ့သော်လည်း အီရန်နိုင်ငံအပေါ် နိုင်ငံတကာ ၏ အရေးယူပိတ်ဆို့မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မှုမှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်