၂၀၁၉ ခုနှစ် နိုင်ငံတကာ တာဝေးအပြေးသမားများ၏ သံတောင်ကြီးဒေသ တောင်တက်ခရီးလမ်း အပြေးပြိုင်ပွဲကျင်းပနိုင်ရေး အလုပ်ရုံဆွေးနွေး

သံတောင်ကြီး ၂၂   ဇန်နဝါရီ 


ကရင်ပြည်နယ်  သံတောင်ကြီးဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့ (MRTI)မှ ဦးဆောင်ကာ  ဂျာမနီအခြေစိုက် Hanns Seidel Foundation နှင့် သံတောင်ကြီး  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့(TTDWG)တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် သံတောင်ကြီးဒေသ  တတိယအကြိမ်မြောက် နိုင်ငံတကာ တာဝေးအပြေးသမားများ  တောင်တက်ခရီးလမ်း  အပြေးပြိုင်ပွဲ  အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို  ယနေ့ နံနက် (၉)နာရီက YFC ရိပ်သာ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင်  သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဆရာမဒေါ်နော်မာမာချို  က နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားသည်။ ပြီးနောက် ဒေါ်နော်ရေချယ်ထွေးထွေးလှ(MRTI)အကြံပေး က နိုင်ငံတကာ တာဝေးအပြေးသမားများ တောင်တက်ခရီးလမ်းအပြေးပြိုင်ပွဲကို ၂၀၁၇ခုနှစ်မှစတင်ကျင်းပခဲ့ရာ  အပြေးသမားစုစုပေါင်း ၃၀ ပါဝင်ပြေးခဲ့ကြပြီး  ၂၀၁၈ခုနှစ်တွင် အပြေးသမား ၄၄ ဦးနှင့် မိသားစုပါစုစုပေါင်း (၆၈)ဦးရှိခဲ့သည်။


ယခုနှစ်သည် ယခင်နှစ်များထက် ပြေးသူပိုများမည်ဟု သိရပြီး အခမ်းအနားတွင် ယခင်နှစ်အပြေးပြိုင်ပွဲ၏ အတွေ့အကြုံများကို ပြန်လည်သုံးသပ်၍ အားသာချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှု အခက်အခဲများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

 
ဆက်လက်၍ ယခုနှစ်ပြိုင်ပွဲကို  ဖေဖော်ဝါရီ(၂၃)ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့်  ပြိုင်ပွဲအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ခေါင်းစဉ် အသီးသီးအလိုက် လုပ်ငန်းတာဝန်များကို ခွဲဝေခြားထားမှုများ ပြု လုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော B&B လုပ်ငန်းရှင်များ Guide သင်တန်ဆင်းသူများ၊ ဘွဲ့စာပေယဉ်ကျေးမှုအဖွဲများ၊  အမျိုးသမီးရေရာအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)