၂၀၁၉ ခုနှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ်

ရန်ကုန် ၂၀ ဇန်နဝါရီ    

 

(၇)ကြိမ်မြောက် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးအား အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ အားကစား သမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

7945

 

ယင်းပြိုင်ပွဲကို (၄၂)ကီလိုမီတာ မာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာ တစ်ဝက်မာရသွန်၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်းအပြေး/ လမ်းလျှောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုး ခွဲခြားထားပြီး ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် ဟောင်ကောင်တို့မှ အပြေးသမားများ အပါအဝင် ပြည်တွင်း၊ ပြည်ပ အပြေးသမားပေါင်း (၈၀ဝဝ)ကျော်နှင့် နိုင်ငံတကာ အပြေးသမားပေါင်း (၆၆၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

524

 

ဆုကြေးငွေများကို (၄၂)ကီလိုမီတာ မာရသွန်အပြည့်ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၂၇၀ဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၄၀ဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၉၀ဝ၊ (၂၁)ကီလိုမီတာ တစ်ဝက်မာရသွန် ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၁၆၀ဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၉၀ဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅၀ဝ၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန်ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၈၀ဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၄၀ဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၂၅၀ တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစားများတွင် ပါဝင်ယှဉ်ပြိုင်သူတိုင်း မည်သည့်အမျိုးအစားကိုဖြစ်စေ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ပါက ဆုတံဆိပ်(၁)ခုစီနှင့် မာရသွန်အပြည့်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်သူများကို တီရှပ်တစ်ထည်စီ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 

MDN