၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ 

နေပြည်တော် ၁၉ ဇန်နဝါရီ    


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ (၃) နာရီတွင် ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း (၁) ၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီး အသင်းအား (၅) ဂိုး၊ (၂) ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း (၃) ၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၄)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။


ဇန်နဝါရီ ၂၀ ရက်တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး ၂၁ ရက်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ နံနက် ၇ နာရီတွင် နေပြည်တော်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့သည်လည်းကောင်း၊ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သိရှိရသည်။


MDN