၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ၁၃  ဇန်နဝါရီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီအသင်း တို့ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီး အသင်းအား (၆)ဂိုး၊ (၂)ဂိုးဖြင့် လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ နေပြည်တော်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းအား (၂)ဂိုး၊ (၁) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌  မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား(၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

ဇန်နဝါရီ ၁၄ ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် နံနက် ၇ နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ကယားပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

 

MDN

 

111