တိုကျို ဇန်နဝါရီ ၅
ဂျပန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်က မော်တော်ယာဉ်အသစ်ရောင်းချရမှု မြင့်တက်ခဲ့သည်။ ထိုသို့ မော်တော်ယာဉ်အသစ်ရောင်းချရမှု မြင့်တက်လာခြင်းက အချက်အလက်အရှုပ်တော်ပုံကြား ၂၀၂၄ ခုနှစ် ကားအရောင်းကျဆင်းမှုမှ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ကားအစီးရေ ၄ ဒသမ ၅၆ သန်း ရောင်းချခဲ့ရသည်ဟု ကားထုတ်လုပ်ရေးအုပ်စုက ပြောသည်။ ယင်းသို့ ရောင်းချရခြင်းက လွန်ခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ခရီးသည်တင်ကားအစီးရေ၊ ကုန်တင်ကားအစီးရေနှင့်တခြား ကားအစီးရေများ ရောင်းချရခြင်းသည် ၂ ဒသမ ၉ သန်းခန့်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ ကားအသေးရောင်းချရမှုသည် ၇ ရာခိုင်နှုန်းအထိ တက်လာပြီး အစီးရေအားဖြင့် ၁ ဒသမ ၆၆ သန်းခန့် ရှိသည်။
အစိုးရအသိအမှတ်ပြု လက်မှတ်အတွက် မှားယွင်းသောစမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ထုတ်လုပ်သူအချို့သည် ၂၀၂၄ ခုနှစ်တွင် ကားထုတ်လုပ်မှုကို ဆိုင်းငံ့ထားပြီး မကြာမီတွင် ယခုလို ကားရောင်းအား ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ အခွန်အကောက်အစီအမံများအပါအဝင် ပိုမိုပြင်းထန်သော နိုင်ငံတကာအခြေအနေများကြားတွင် ပြည်တွင်းဈေးကွက်သည် ယခုအခါ ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များကို ကာကွယ်ရန် ယခင်ကထက် ပိုမိုအရေးကြီးသည်ဟု စက်မှုလုပ်ငန်းအဖွဲ့များက ပြောသည်။
ပြည်တွင်းကားရောင်းအားမြှင့်တင်ရန် ဂျပန်ကားထုတ်လုပ်သူများသည် ကားမော်လ်ဒယ်အသစ်များကို မိတ်ဆက်ထုတ်လုပ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


