(၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ ရခိုင်ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပ

ကျောက်ဖြူ   ၂၂   ဇန်နဝါရီ  


ကျောက်ဖြူမြို့နယ် တောင်ရင်းအုပ်စု ငလပွေ့ကျေးရွာတွင် ပြည်လုံးချမ်းသာ အလိုတော်ပြည့် စေတီတော်မြတ်ကြီး၏ (၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၀ ရက်မှ ယနေ့အထိ ကျင်းပခဲ့ရာ ပွဲတော်တွင် ရခိုင်ရိုးရာပြိုင်လောင်းလှေလှော်ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်းပွဲ၊ ချောတိုင်တက် ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်။

123


အဆိုပါပွဲတော်တွင် ရခိုင်ရိုးရာ ပြိုင်လောင်း လှေလှော်အသင်း (၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပထမဆုကို အောင်စေတီ၊ ဒုတိယဆုကို တွေ့မရှောင်၊ တတိယဆုကို ငလပွေ့ (လူပျို)၊ စတုတ္ထဆုကို မြိုင်သာယာ အသင်းတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။ 

 

123


ထို့နောက် မွန်းလွဲပိုင်းတွင်  ချောတိုင်တက်ပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ပထမဆုကို ကျပ်သုံးသိန်းနှင့် ဆုအလံ၊ ဒုတိယဆုကို ကျပ်နှစ်သိန်းငါးသောင်နှင့်ဆုအလံ၊ တိတယဆုကို ကျပ်နှစ်သိန်းနှင့်ဆုအလံ၊ စတုတ္ထဆုကို ကျပ်တစ်သိန်းငါးသောင်းနှင့် ဆုအလံ၊ ကျန်အသင်း (၄) သင်းအား ကျပ်နှစ်သောင်းစီ ဆုချီးမြှင့်ပေးအပ်ကြောင်း သိရသည်။


ဖြိုးဝေလင်း(ပြန်/ဆက်)