၃ ကြိမ်တိုင် ဂရန်းဆလန်းချန်ပီယံ အန်ဒီ မာရေး တင်းနစ်လောက ကနေ အနားယူဖွယ်ရှိ

၁၁ ဇန်နဝါရီ

ကမ္ဘာ့နံပတ်၁ တင်းနစ်ကစားသမားဟောင်း၊ ဂရန်းဆလန်းချန်ပီယံ (၃)ကြိမ်ရရှိခဲ့တဲ့ အန်ဒီ မာရေးဟာ  တင်းနစ်လောက ကနေ အနားယူဖွယ်ရှိနေကြောင်း ဇန်နဝါရီ ၁၁ ရက် (သောကြာနေ့) မှာ ပြောကြား လိုက် ပါတယ်။ 

mdn

ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရေးက “သြစတြေးလျ အိုးပန်းပြိုင်ပွဲ ပွဲစဉ်တွေက သူ့အတွက် နောက်ဆုံးပွဲစဉ်ဖြစ်သွားနိုင်တယ်။ လာမယ့် ဝင်ဘာဒန်ပြိုင်ပွဲအထိတော့ အနားမယူခင် သူဆက်ကစားနိုင် မယ်လို့ မျှော်လင့်ထားကြောင်း” ပြောကြားရင်း သတင်းမီဒီယာတွေ ရှေ့မှာ ငိုချလိုက်တာကို တွေ့ရပါတယ်။ 

mdn

မာရေးဆက်ပြောတာက “ကစားရာမှာ အကန့်အသတ်နဲ့သာ ကစားနိုင်တယ်။ အဲဒီလို အကန့်အသတ်တွေနဲ့သာ ကစားနိုင်တဲ့အတွက် ပြိုင်ပွဲတွေနဲ့ လေ့ကျင့်ပွဲတွေမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေပါတယ်။ သူ့အနေနဲ့ ဝင်ဘာဒန်ပွဲ ကစားအပြီး အနားယူချင်ပေမယ့် သူ့ဆန္ဒအတိုင်း လုပ်နိုင်ဖို့ မသေချာတော့ကြောင်း၊ သူ့ရဲ့ တင်ပါးနာတဲ့ဒဏ်ရာပျောက်ဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဆက်ပြီးတော့ ကစားနေပါမယ့် ဒါပေမယ့် အဲဒီကစားနိုင်တဲ့အဆင့်က သူစိတ်ကျေနပ်တဲ့အဆင့်တော့ မဟုတ်ဘူး” လို့ မျက်ရည်တွေကြားကနေ သတင်းစားရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ 

mdn

MDN
ကိုးကား - AFP

mdn