(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

လွိုင်ကော် ၁၄ ဇန်နဝါရီ


    
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၆ နာရီအချိန်တွင် ကျင်းပရာ အမျိုးသား ၂၅၀၊ အမျိုးသမီး ၉၁ ဦး စုစုပေါင်း ကစားသမား ၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

22223

 

ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ဒီးမော့ဆိုမြို့ မြို့နယ်အားကစားကွင်းရှေ့၌ စတင်တာလွှတ်ရာ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ပန်းဝင်ကြပြီး ဆုရရှိသော ကစားသမားများအား အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ငွေ၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင် နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

 

2355

 

အမျိုးသားပြိုင်ပွဲတွင် အောင်ကျော်မြင့် (ပထမ)၊ မျိုးမင်းသိန်း (ဒုတိယ)၊ အောင်စိုးလှိုင် (တတိယ)၊ လွီးဇီ (စတုတ္ထ)၊ ရဲလင်းအောင်(ပဉ္စမ)တို့ ရရှိပြီး အမျိုးသမီးပြိုင်ပွဲတွင် မလွီးဇာ (ပထမ)၊ မကိုမြာမိုးဘူး (ဒုတိယ)၊ မယွန်းရွှေရည်ဝင်း (တတိယ)၊ မရီးမြာ (စတုတ္ထ)၊ မကေသီအောင် (ပဉ္စမ) တို့ အသီးသီး ရရှိပြီး ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်းခွဲ၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ စတုတ္ထဆု ငွေကျပ် တစ်သိန်းခွဲ ၊ ပဉ္စမဆု ငွေကျပ် တစ်သိန်း နှင့် နှစ်သိမ့်ဆု ရရှိသော အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၄၀ ဦးအား ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)