(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံ ပြပွဲ ကျင်းပ

ကွန်ဟိန်း ၂၂ ဇန်နဝါရီ 


ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့ အမက(လိုက်ကမ်)ကျောင်း၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို  ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။

123


ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ အထွေထွေဗဟုသုတ အကြောင်းအရာများအား ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ စိတ်ပျော်ရွှင်မှု ရရှိစေရန်၊ စိတ်ကူးဉာဏ် ရင့်သန်လာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့နောက် ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)