အာဖဂန်နစ္စတန်ရှိ လုံခြုံရေးအခြေစိုက်စခန်းကို တာလီဘန်တို့ ဝင်ရောက်တိုက်ခိုက်

၂၂ ဇန်နဝါရီ

တာလီဘန်စစ်သွေးကြွများသည် အာဖဂန်နစ္စတန် စစ်တပ်အဆောက်အအုံတစ်ခုအတွင်း မော်တော်ယာဉ်တစ်စီးဖြင့် အတင်းဝင်တိုက်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၁၂ ဦးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ကဘူးလ် မြို့တော်အနောက်ဘက် မအိုင်ဒမ် ဝါဒက်ခ် ပြည်နယ်ရှိ အမျိုးသားလုံခြုံရေး ဦးစီးဌာန လေ့ကျင့်ရေးကျောင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုလေ့ကျင့်ရေးကျောင်းရှိစားသောက်ဆိုင်တွင် မနက်စာ စားသုံးနေချိန်တွင် စစ်မော်တော်ယာဉ်ဖြင့် ၎င်းစားသောက်ဆိုင် ကိုအတင်းဝင်တိုက်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

mdn

 

ယင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့သည်ဟု အတည်ပြုချက်မထုတ်ပြန်နိုင်သေးကြောင်းနှင့် သေဆုံးသူ ဦးရေ များပြားဖွယ်ရှိကြောင်း အာဖဂန် အစိုးရ တာဝန်ရှိသူ က သတင်းထောက်များကို ပြောကြားခဲ့သည်။

တာလီဘန်တို့သည်ပြီးခဲ့သည့် နွေရာသီ ကတည်းကအမေရိကန် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ တာလီဘန်တို့က အစိုးရအဆောက်အအုံများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များဆက်လက် ဖြန့်ချထားကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

mdn