အိန္ဒိယမှာ Pixel စမတ်ဖုန်းအတွက် ဈေးကွက်ချဲ့ထွင်ဖို့ Google ကြိုးစား

အိန္ဒိယ ၂၇ ဒီဇင်ဘာ

 

နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Google ဟာ သူ့ရဲ့ ထုတ်ကုန် Pixel စမတ်ဖုန်းကို ရောင်းအား မြှင့်နိုင်ရန် အိန္ဒိယမှာ အရောင်းဆိုင်များ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာ သတင်းတစ်ရပ်အရ သိရပါတယ်။

 

Google ဟာ ဒုတိယ မျိုးဆက်သစ် စမတ်ဖုန်းကို ကမ္ဘာအနှံ့ နိုင်ငံအတော်များများမှာ ဈေးကွက်အတွင်း ချပြပြီးနောက် အားရစရာ တုံ့ပြန်မှုတွေ ရခဲ့ပါတယ်။ အဲဒီနောက်မှာ ဈေးကွက်ချဲ့ထွင်ဖို့ အိန္ဒိယကို ဦးတည်လာတာဖြစ်ပြီး ခုလို အရောင်းဆိုင်တွေ ဖွင့်နိုင်ဖို့ဟာ ကောလဟလ မဟုတ်သလို ထင်မြင်ချက် အမျိုးမျိုးကို မှတ်ချက် ပြန်ပေးစရာလည်း မရှိပါဘူးလို့ ရိုက်တာရဲ့ မေးမြန်းမှုကို တုံ့ပြန်ထားတာ တွေ့ရပါတယ်။

 

အိန္ဒိယဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး မိုဘိုင်းဈေးကွက် တစ်ခုဖြစ်နေပြီး လက်ရှိမှာ တရုတ်ကုမ္ပဏီများဖြစ်တဲ့ Xiaomi, Oppo နဲ့ Vivo တို့အပြင် ကိုရီးယား ကုမ္ပဏီ Samsung Electronics Co Ltd တို့ကလည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။

 

MDN

ကိုးကား  (ရိုက်တာ)