အခြေခံလူတန်းစားများ၏ဘဝကို ထင်ဟပ်ရိုက်ကူးမည့် စပါကလင်ဇာတ်ကား မိတ်ဆက်

အကြည်တော်၏ဝတ္ထုကို ညီညီဘမောင် (ညောင်ညောင်) နှင့် မင်းသခင်တို့က ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ကိုပေါက်က ဖန်တီးရိုက်ကူးသွားမည့် စပါကလင် ရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးသည့် အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရုပ်ရှင်ကို ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်တွင် ဇာတ်òန်းရေးသား ထားသူ ညီညီဘမောင် (သရုပ်ဆောင် ညောင်ညောင်) က “ဒီဇာတ်ကားက အခြေခံလူတန်းစားတွေရဲ့ဘဝကို အခြေခံ ပြီး ရိုက်ထားတာပါ၊ ဒီကားလေးက အခု လက်ရှိဖြစ်နေတဲ့အဖြစ်ကို ရိုက်ကူးမယ်ဆိုလည်း ဟုတ်ပါတယ်၊ ကိုဇင်ဝိုင်းက အမတ်တစ်ယောက်အဖြစ်နဲ့ ဝင်ရောက် အရွေးအချယ်ခံမယ့် ကာရိုက်တာပုံစံ လေးပေါ့၊ ပရိသတ်အတွက် ပညာပေး ကားလေးဆိုရင်လည်း မမှားပါဘူး၊ ရသ မျိုးစုံအောင် ထည့်ပေးထားတယ်၊ ဟာသ လေးတွေလည်းပါတယ်၊ အချစ်အကြောင်း လေးလည်းပါတယ်၊ မကြီးစိုးရဲ့ ကာရိုက်တာ လေးကတော့ ထောင်ကနေထွက်လာတဲ့ စရိုက်ကြမ်းကြမ်း အမျိုးသမီးတစ်ဦး နေရာကနေ တွေ့ရမှာပါ၊ ထောင်တွင်းမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးတွေကိုလည်း ဒီကားမှာတွေ့ရမှာပါ” ဟု ပြောသည်။

သရုပ်ဆောင် စိုးမြတ်သူဇာကလည်း သရုပ်ဆောင်ရမည့် ဇာတ်ကောင်နေရာ နှင့်ပတ်သက်၍ “မကြီးက ဒီဇာတ်ကားလေးမှာ တစ်ခါမှမလုပ်ဖူးတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ရမယ်၊ မကြီး ဒီကားထဲမှာ သေသေချာချာ ကြိုးစားသွားမှာပါ၊ မကြီးအတွက်တော့ ဒီကားထဲက ကာရိုက်တာက အတွေ့နည်းတဲ့ ကာရိုက်တာမျိုးပါ၊ သိပ်လုပ်လေ့ လုပ်ထမရှိတဲ့ ပုံစံလေးပေါ့” ဟု ပြော သည်။ အဆိုပါရုပ်ရှင်တွင် သရုပ်ဆောင်များ အနေဖြင့် မြင့်မြတ်၊ ဇင်ဝိုင်း၊ စိုးမြတ် သူဇာ၊ မိုးဒီ၊ တိမ်ညွန့်၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ ခင်လှိုင်၊ ဆင်မ၊ အေးသီတာနှင့် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေခံ လူတန်းစားများ၏ ဘဝအကြောင်းကို အချစ်နှင့်ဟာသနှောကာ ရိုက်ကူးပြသမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် စတင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း