အမေရိကန် စစ်တပ်အတွက် ပုဂ္ဂလိက အာကာသကုမ္ပဏီ SPACE- X က ဂြိုဟ်တုတစ်စင်း လွှတ်တင်

ဝါရှင်တန် ၂၅ ဒီဇင်ဘာ

 

အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာတွင် ပထမဆုံး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် ပုဂ္ဂလိက အာကာသကုမ္ပဏီ Space – X ဟာ အမေရိကန် စစ်တပ်အတွက် ဂျီပီအက်စ် ဂြိုဟ်တုတစ်စင်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လွှတ်တင်ခဲ့ကြောင်း သိရသည်။

 

အမေရိကန် လေတပ်အတွက် SV – 01 အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်ခြေရာခံမှုစနစ်သုံး ဂြိုဟ်တု ကို Falcon 9  ဒုံးပျံဖြင့် ဖလော်ရီဒါပြည်နယ် ကိပ် ကနာဗီရယ် (လ်) လေတပ်စခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ဂြိုဟ်တု လွှတ်တင်မှုကို ပြီးခဲ့သည့် ကြသာပတေးနေ့က လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုနှင့် နည်းပညာဆိုင်ရာ အကြောင်းပြချက်များကြောင့် လေကြိမ်တိုင်တိုင် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်တုကို တည်နေရာရပ်ညွှန်းများ ရှာဖွေမှု၊ ရေကြောင်းသွားလာမှုနှင့် အချိန်ကိုက် သတင်းအချက်အလက်များ ပေးပို့မှုအတွက် ကမ္ဘာပတ်လမ်းအတွင်း လွှင့်တင်သွားမည်ဖြစ်သည်။

 

ယခုလွှတ်တင်ခဲ့သည့် ဂြိုဟ်တုမှာ ယခင်လွှတ်တင်ခဲ့သည့် ဂြိုဟ်တုစနစ်များထက် တိကျမှုစွမ်းရည် သုံးဆရှိပြီး တန်ပြန် ဟန့်တားနှောက်ယှက်မှုဒဏ် ခံနိုင်စွမ်းမှာလည်း ရှစ်ဆထိ မြှင့်တင်ထားကြောင်း သိရသည်။ မျက်မှောက်ကာလ အကျိုးအမြတ်များသည့် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုပစ်လွှတ်မှု ဈေးကွက်တွင် Space- X အတွက် ယခုပစ်လွှတ်မှုက မှတ်တိုင်တစ်ခုဖြစ်စေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Space-X ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အာကာသ စွမ်းဆောင်ရည်ဆုကိုလက်ခံရရှိခဲ့သည်။

 

SMZaw( MDN) 
Source> Xinhua