အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို အီရတ်သို့ ရုတ်တရက် သွားရောက်

၁၀ ဇန်နဝါရီ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ယမန်နေ့က အီရတ်နိုင်ငံသို့ ရုတ်တရက် သွားရောက်ခဲ့သည်ဟု သိရသည်။ မိုက်ပွန်ပီယိုသည် ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်များ ရုတ်သိမ်းရေးနှင့်ပတ်သက်၍ အီရတ်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။


အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လျက်ရှိသည့် ပွန်ပီယိုသည် ဘဂ္ဂဒက်မြို့တော်၌ အီရတ်ဝန်ကြီးချုပ်  အဒယ်အဗ္ဗဒူမာဒီ၊ သမ္မတ ဘာဟမ်ဆာလစ်နှင့် တွေ့ဆုံခဲ့သည်။

 

မိုက်ပွန်ပီယိုသည် အိုင်အက်စ်စစ်သွေးကြွများ ဖြိုခွင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အီရတ်အစိုးရကို ပံ့ပိုး ပေးမည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ပွန်ပီယိုက ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်များ မြန်မြန်ဆန်ဆန် ဆုတ်ခွာမည်မဟုတ်သော်လည်း အီရတ် နိုင်ငံနှင့် အဆက်အသွယ်ပြုလုပ်ကာ စနစ်တကျ ဆုတ်ခွာမည်ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက ပြောကြား သည်။


အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံ ဆုတ်ခွာမှုက လုံခြုံရေးအခြေအနေပိုမို ဆိုးရွားလာမည်ကို အချို့က စိုးရိမ်လျက်ရှိနေကြသည်။

 

ပွန်ပီယိုက ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ ပပျောက်စေလိုကြောင်း လေ့လာသူများက ပြောကြားသည်။ အမေရိ ကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ ဝေဖန်မှုကြောင့် အီရတ်အစိုးရအတွက် ထည့်သွင်းစဉ်းစားမှုကို ၄င်းက ပြသလို ခဲ့ကြောင်း ၄င်းကဆိုသည်။ ဒေါ်နယ်လ်ထရန့်မှာ ပြီးခဲ့သော ဒီဇင်ဘာလအတွင်း အီရတ်နိုင်ငံသို့ သွားရောက်စဉ် အမေရိကန်တပ်ဖွဲ့များကို စစ်ဆေးခဲ့သော်လည်း မည်သည့် အီရတ်ခေါင်းဆောင်များနှင့်မျှ တွေ့ဆုံခဲ့ခြင်းမရှိပေ။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်