အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀  ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်က  အင်းစိန်မြို့နယ်၊ စျေးကုန်း(အရှေ့)ရပ်ကွက်၊ သီရိလမ်း၊ ရုပ်ရှင်ရုံရှေ့လမ်းတွင် မခိုင်ဆန်းနှင့် ဒေါ်မြအေးယဉ်တို့အား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရှိသဖြင့် အရေးယူထားရှိပြီး ကွင်းဆက်အရ ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ၎င်းတို့ငှားရမ်းနေထိုင်သည့် အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာ(၂)၊ အခန်း အမှတ်(၈၇၄)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၄,၁၈၀ ကာလတန်ဖိုး ငွေကျပ် ၂၂၂၅ ဒသမ ၄ သိန်းဖိုး နှင့် ငွေကျပ် ၂၅၀,၀၀၀ တို့ကိုသိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နမ့်ခမ်း-မန့်ဝိန်းကြီးကားလမ်း၊ ရွှေလီကြိုးတံတားအနီးတွင် ဒေါ်ခေါန်ဖန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၇၉၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

MDN