အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၂၈၁ ဦးအထိရှိလာ

အင်ဒိုနီးရှားနိုင်ငံတွင် စနေ့နေ့က ဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် သေဆုံးသူ  ၂၈၁ ဦး ရှိလာခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းနှင့် ဆူမတ်တြားကျွန်းတွင် ဆူနာမီလှိုင်းကြောင့် သေဆုံးသူ ၂၈၁ဦးရှိပြီး၊ ဒဏ်ရာရရှိသူ ၁၀၁၆ဦးနှင့် ပျောက်ဆုံးသူ ၅၇ဦးရှိကြောင်း ၄င်းတို့က ပြောကြားသည်။

 

ထိခိုက်ပျက်စီးမှု အတိုင်းအတာ အပြည့်အဝ မသိရှိရသေးကြောင်း၊ နောက်ထပ်လည်း သေဆုံးသူများ မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက ဆိုသည်။

 

စစ်သားများက အနောက်ဂျားဗားကျွန်း ပန်ဒေါင်လန်ကမ်းခြေအနီးရှိ ပြိုကျအဆောက်အဦးများ ဝန်းကျင်၌ ပျောက်ဆုံးသူများ ရှာဖွေမှုကို ယနေ့နံနက်က စတင်ခဲ့သည်။

 

စက်ယန္တရားများ အလုံအလောက်မရှိခြင်းကြောင့် အချို့သော ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို  လူများဖြင့် ဆောင်ရွက်နေရသည် ဟု ဆိုသည်။

 

အင်ဒိုနီးရှား အာဏာပိုင်များက ကမ်းရိုးတန်းဒေသတွင်  နေထိုင်ကြသူများကို ပြောင်းရွေ့ခဲ့ကြသည်။ နောက် ထပ် ဆူနာမီဖြစ်လာပါက ဂျာဗားကျွန်းနှင့် ဆူမာတြားကျွန်းကြား ဆွန်ဒါရေလက်ကြားရှိ မီးတောင်တစ်လုံး ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်ကြောင်း ၄င်းတို့က ပြောကြားခဲ့သည်။

 

စနေ့နေ့တွင် ဖြစ်ပွားခဲ့သည့် ဆူနာမီမှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့် မြေပျိုခြင်းများမှ အစပြုခဲ့ကြောင်း ကျွမ်းကျင်သူများက သံသယရှိနေသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်